လူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ အထင်သေးချင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဥယျာဉ်လေးတခုထာဝရသာယာစိုပြေနိုင်ရေးအတွက် ဥယျာဉ်မှူးတိုင်းရဲ အပြုစု အယုတွေလိုအပ်သလို ဘလော့လေးတခု ထာဝရတည်မြဲရပ်တည်နိုင်ရေးအတွက်ဟာလည်း စာဖတ်သူရဲ အားပေးမှု ဝေဖန်အကြံပြုမှု အပြုအစုအယုအယလေးတွေလိုအတ်နေမှာပါ။ အားပေးအကြံပြုပါဦးနော်။ မိတ်ဆွေများရဲ ဝေဖန်အကြံပြုချက်များကို လေးစားလျှက်ပါ။
Blogger Widgets

logs

Saturday, March 23, 2013

အချိန်


သူကဖဲ့ ကိုယ်ကဖဲ့ တယောက်တလည်းဖဲနေကျတဲ့ဒီပွဲ
ဘယ်တော့များ စဲပါ့မလည်း။
ပေါ်လုလုရောင်ခြည် ခါတော်မမှီခင်လေး
ဝင်လို့များပြေးလေပြီးလား။
အနာပေါ်ဒုတ်ကျ နာတတ်တဲ့သဘာဝကို
မင်းတို့လည်းသိကျ ငါတို့လည်းသိကျ
ဘာလို့များ တယောက်နှင့်တယောက်ကုတ်ဖဲ့နေခြင်ကျတာလည်း။
ကိုယ်လမ်းကိုယ်ဖေါက် ကိုယ်ခရီးကိုယ်လျှောက်
ဒို့ရည်မှန်းထားတဲ့ပန်းတိုင် တူတူရောက်ရင်မကောင်းဘူးလား။
မင်းလည်းအေးချမ်း ငါလည်းမပန်းတော့ဘူးလေ။
ဝမရှိပဲ ၀ိမလုပ်ချင်စမ်းပါနဲ့
ဖြူစင်သောစိတ်ထား မြင့်မြတ်သောနှလုံးသားတွေနှင့်
မင်းကလည်းကြည်ဖြူ ငါကလည်းကမ်းလှန်း
ဒို့တတွေရဲ့အနာဂါတ်လမ်းမှာ ကိုယ့်စခန်းကိုယ်သွား
ဒို့ရွေးချယ်မှုတွေမမှားကြဘူးဆိုလျှင်
မင်းနေဘို့နေရာ မရှားပါဘူးသူငယ်ချင်း။
ခုတော့မင်းက
ကွင်းထဲပင်ဝင်ကာစ ဒိုင်လူကြီးရဲ့ ၀ီစီသံမစရသေးခင်
အ၀ါကဒ်တွေ အနီကဒ်တွေ
ပဲနယ်လ်တီတွေ ဖေါင်းတွေ တပုံတပင်ကြီးပွေပိုက်
ကွင်းထဲဝင် လာမိုက်တော့
အသင်းသားတွေဝိုင်းရိုက်တာ သဘာဝကျပါတယ်။
ပြင်ဆင်ပါဦး ပြင်လိုက်ပါဦးသူငယ်ချင်းရယ်
အောက်တန်းကျနေတဲ့မင်းစိတ်ရယ်
ဟောင်းနွမ်းနေပြီးဖြစ်တဲ့အတွေးအခေါ်တွေရယ်
ပြီးတော့မင်းဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင်ရယ်လေ။
အနာဂါတ်ဆိုတာမရှိ
ဘ၀ဆိုတာလည်းမသိတဲ့ မင်းရဲ့ ၀ိုးတ၀ါးခရီးလမ်းဟာ
သိက်ကြမ်းတမ်းနေတယ် သူငယ်ချင်း။
 ရေ၀တီအရှင်


No comments:

Post a Comment