နို့သက်ခံစို့နေသမျှ
မင်း... နို့ကောင်းကောင်းဘယ်စို့ရလိမ့်မလည်း။
ရေးကူးနည်းသင်စာဖတ်
ကုန်းပေါ်မှာကူးခတ်နေသမျှ
မင်း....ဘယ်ရေကောင်းကောင်းကူးတတ်လိမ့်မလည်း။
ရေတွင်းတူးဘို့စိတ်ကူး
အိမ်မက်ထဲမှာတူးနေသမျှ
မင်း....ဘယ်ရေကောင်းကောင်းရနိုင်လိမ့်မလည်း။
သူငယ်ချင်း
နို့ချိုချိုလိုနေခိုက်
မင်း...တအားငုံကိုက် စို့ပစ်လိုက်စမ်းပါ။
သမုဒ္ဒရာတွေကျော်ကာဖြတ်
မင်း..... ရေထဲ့ဆင်း ကူးခတ်လိုက်စမ်းပါ။
စိတ်ကူးရင်ထဲမှာမရစ်မူး
မင်း...အားစိုက်လို့တူးပစ်လိုက်စမ်းပါ။
မင်းလိုအပ်တာမှန်သမျှ
ယူနိုင်တဲ့စွမ်းအားတွေ
မင်းရင်ထဲ့မှာကိန်းအောင်းနေကြတယ်သူငယ်ချင်း။ ။
ရေ၀တီအရှင်
No comments:
Post a Comment