လူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ အထင်သေးချင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဥယျာဉ်လေးတခုထာဝရသာယာစိုပြေနိုင်ရေးအတွက် ဥယျာဉ်မှူးတိုင်းရဲ အပြုစု အယုတွေလိုအပ်သလို ဘလော့လေးတခု ထာဝရတည်မြဲရပ်တည်နိုင်ရေးအတွက်ဟာလည်း စာဖတ်သူရဲ အားပေးမှု ဝေဖန်အကြံပြုမှု အပြုအစုအယုအယလေးတွေလိုအတ်နေမှာပါ။ အားပေးအကြံပြုပါဦးနော်။ မိတ်ဆွေများရဲ ဝေဖန်အကြံပြုချက်များကို လေးစားလျှက်ပါ။
Blogger Widgets

logs

Saturday, February 23, 2013

သခင်အောင်ဆန်း တရား

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူ မီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဇော်ဂျီ
* လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)

No comments:

Post a Comment